ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သော ဝါတွင်းတရားပွဲအစီအစဉ်

        2017ခုနှစ်၊ အောက်တိုဘာလ(5)ရက် (ကြာသပတေး)  သီတင်းကျွတ်လပြည့်နေ့တွင်  ဆရာတော်ဘဒ္ဒန ္တသူရိယ သီရိမင်္ဂလာကျောင်းမှ နံနက်(10း00)နာရီတွင် သီလပေးတရားတော်များ ချီးမြှင့်ပါသည်။  ထို့နောက် ဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဂေါပကအဖွဲ့မှ သင်္ကန်း၊ဆေး၊ လှူဘွယ်ဝတ​္တူပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပါသည်။ စေတနာရှင် အလှူရှင်များမှလည်း ပါဝင်လှူဒါန်း ကုသိုလ်ယူကြပါသည်။

       မွန်းလွဲ(12း30)နာရီမှ (2း30)နာရီအထိ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန ္တ သီရိန္ဒာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားချီးမြှင့်တော်မူပါသည်။ ထို့နောက် ဆရာတော်ကြီးအား ဂေါပကအဖွဲ့မှ သင်္ကန်း၊ ဆေး၊ လှူဘွယ်ဝတ္တုပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပါသည်။စေတနာရှင် အလှူရှင်များမှလည်း ပါဝင်လှူဒါန်းကုသိုလ်ယူကြပါသည်။

       ညနေ (3း00)နာရီမှ ညနေ (5း00)နာရီအထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် သာသနာဓဇဓမ္မစရိယ ဆရာတော်ဘဒ္ဒန​ ္တက္ကုန္ဒကမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားချီးမြှင့်တော်မူပါသည်။ထို့နောက်ဆရာတော် ကြီးအား ဂေါပကအဖွဲ့မှ သင်္ကန်း၊ဆေး၊လှူဘွယ်ဝတ္တု ပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပါသည်။ စေတနာရှင် အလှူရှင်များမှလည်း ပါဝင်လှူဒါန်း ကုသိုလ်ယူကြပါသည်။