၀ါလကင်းလွှတ် သီတင်းကျွတ်အခါသမယတွင် ဘုရားဖူးလာသူများဖြင့် စည်းကားသိုက်မြိုက်ခြင်း

             ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် 1379ခုနှစ် သီတင်းကျွတ်လပြည့်နေ့၊ 2017ခုနှစ် အောက်တိုဘာလ (5)ရက် (ကြာသာပတေးနေ့) အဘိဓမ္မာအခါတော်နေ့တွင် နံနက်ပိုင်းမှစပြီး ပြည်တွင်းပြည်ပ ဘုရားဖူးလာသူများဖြင့် စည်ကားသိုက်မြိုက်လှပါသည်။

           ဝါတွင်းတရားပွဲ အစီအစဉ်များလည်းရှိသဖြင့် ဥပုသ်သီတင်းလာရောက် ဆောက်တည်သူများမှာလည်း အလွန်များပြားလှပါသည်။

          အလှူဒါနပြုလုပ်သူများမှာလည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းကြပါသည်။

          ဘုရားဖူးလာပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများပြည့်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်အပ်ပါသည်။