ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးတွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအတွက် လှူဒါန်းနိုင်ပါရန်

       ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား 2017ခုနှစ်၊ နိုဝင်ဘာလတွင် ကပ်လှူပူဇော်မည်ဖြစ်ပါသည်။ စေတနာရှင် အလှူရှင်များအနေဖြင့် 9လက်မပတ်လည် ရွှေစင်၊ရွှေပြား တစ်ကျပ်သားလျှင် 810000 ၊ ကျပ်- ရှစ်သိန်းတစ်သောင်း နှုန်းဖြင့် ကိုယ်တိုင်ကိုယ်ကျလာရောက် လှူဒါန်းနိုင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ လာရောက်မလှူဒါန်းနိုင်ပါက ဂေါပကအဖွဲ့ရုံး ဖုန်းနံပါတ် 01-201764 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်ခွဲ(1) ၊ရန်ကုန်မြို့၊ ဘဏ်စာရင်းအမှတ် CB-003901 သို့လည်း မိမိတို့ သဒ္ဓါတတ်အားသလောက် ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အများပြည်သူကုသိုလ်ယူပါဝင်နိုင်      ရန်နှိုးဆော်အပ်ပါသည်။