ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား သဒ္ဒါတတ်အားသရွေ့လှူဒါန်းနိုင်ပါကြောင်း

               ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးတွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ရွှေမှိုက်ခွာခြင်းလုပ်ငန်းအဆင့်ထိ ရောက်ရှိနေပြီးဖြစ်ပါသည်။ စေတနာရှင် သဒ္ဒါကြည်လင်ကုသိုလ်ရှင်များအနေဖြင့် ယခုလိုကုသိုလ်ပြုရမည့် အချိန်အခါသမယတွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ကုသိုလ်ထူး၊ ကုသိုလ်မြတ်ရရှိအောင် သဒ္ဒါတတ်အားသရွေ့ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်ကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။