ရွှေတုံးအားပြန်လည်ပေးအပ်ခဲ့သည့် သန့်ရှင်းရေးဝန်ထမ်းအား ဂုဏ်ပြုငွေချီးမြှင့်ပြီး စေတီတော်ကြီးအား တစ်ကျပ်သား ရွှေဆွဲကြိုး တစ်ကုံးလှူဒါန်းခြင်း

             ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ အစ်မတော်မြနန်းနွယ်ကျောင်းဆောင်တွင် (3.10.2017)ရက်နေ့ အလှူရှင်ဒေါ်စံပယ်ဖြူမှ ပူဇော်ကန့်တော့သည့် ကန်တော့ပွဲထဲတွင် အလေးချိန်(20)ကျပ်သားရှိသော ရွှေတုံး(2)တုံးအား ထည့်သွင်းပူဇော်ပြီး မေ့ကျန်ခဲ့ပါသည်။

             ည(7)နာရီခန့်တွင် ပြန်လည်ပြီးလာရောက်စုံစမ်းရာ ဗိုလ်တထောင်ဘုရား၏ သန့်ရှင်းရေးဝန်ထမ်း ဦးသက်နိုင်ဦးမှ ကန်တော့ပွဲများရှင်းလင်းရာမှတွေ့ရှိသဖြင့် ပြန်လည်ပေးအပ်ခဲ့ပါသည်။ဒေါ်စံပယ်ဖြူမှ ယင်းသန့်ရှင်းရေးဝန်ထမ်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် 100000 (ကျပ်-တစ်သိန်း)တိတိကို ဂုဏ်ပြုချီးမြှင့်ခဲ့သည့်အပြင် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ရွှေဆွဲကြိုး(1)ကျပ်သားတစ်ကုံးအား (ဘောင်ချာဖြတ်ပိုင်းနှင့်အတူ) ကပ်လှူပူဇော်လှူဒါန်းသွားပါသည်။