အသိသတိဘုရားကြီးမှန်ကာခြင်းအတွက်အလှူခံခြင်း

           ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဥိးစေတီတော်ကြီးတွင်တည်ရှိသော အသိသတိဘုရားကြီးကို မှန်ကာခြင်းလုပ်ငန်းအား စေတနာရှင်၊အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် 2017ခုနှစ်၊နိုဝင်ဘာလ (3)ရက် (သောကြာနေ့)မြန်မာသက္ကရာဇ် 1379ခုနှစ်၊တန်ဆောင်မုန်းလပြည့်နေ့အမှီ ပြုလုပ်မည်ဖြစ်ပါသည်။ ကျပ်-35000000ိ/- (ကျပ်-သိန်းသုံးရာငါးဆယ်)ခန့် ကုန်ကျမည်ဖြစ်ပါသည်။

          စေတနာရှင်အလှူရှင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျလာရောက် ကုသိုလ်ယူလှူဒါန်းနိုင်ပါသည်။ မိမိတို့သဒ္ဓါတတ်အားဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ကျပ်-5000000ိ/-၊(ကျပ်-သိန်းငါးဆယ်နှင့်အထက်) လှူဒါန်းသူများကို ကမ္ဗည်းထိုးပေးမည်ဖြစ်ပါသည်။လှူဒါန်းလိုသူများအနေဖြင့် ဂေါပကအဖွဲ့ရုံး ဖုန်းနံပါတ် 01-201764သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။အများပြည်သူကုသိုလ်ယူပါဝင်လှူဒါန်းလိုသူများလှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။