Donation News

အသိသတိဘုရားကြီးမှန်ကာခြင်းအတွက်အလှူခံခြင်း

  • 04 Oct 2017
  • by botahtaung

           ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဥိးစေတီတော်ကြီးတွင်တည်ရှိသော အသိသတိဘုရားကြီးကို မှန်ကာခြင်းလုပ်ငန်းအား စေတနာရှင်၊အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် 2017ခုနှစ်၊နိုဝင်ဘာလ (3)ရက် (သောကြာနေ့)မြန်မာသက္ကရာဇ် 1379ခုနှစ်၊တန်ဆောင်မုန်းလပြည့်နေ့အမှီ ပြုလုပ်မည်ဖြစ်ပါသည်။ ကျပ်-35000000ိ/- (ကျပ်-သိန်းသုံးရာငါးဆယ်)ခန့် ကုန်ကျမည်ဖြစ်ပါသည်။

Read More

ရွှေတုံးအားပြန်လည်ပေးအပ်ခဲ့သည့် သန့်ရှင်းရေးဝန်ထမ်းအား ဂုဏ်ပြုငွေချီးမြှင့်ပြီး စေတီတော်ကြီးအား တစ်ကျပ်သား ရွှေဆွဲကြိုး တစ်ကုံးလှူဒါန်းခြင်း

  • 04 Oct 2017
  • by botahtaung

             ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ အစ်မတော်မြနန်းနွယ်ကျောင်းဆောင်တွင် (3.10.2017)ရက်နေ့ အလှူရှင်ဒေါ်စံပယ်ဖြူမှ ပူဇော်ကန့်တော့သည့် ကန်တော့ပွဲထဲတွင် အလေးချိန်(20)ကျပ်သားရှိသော ရွှေတုံး(2)တုံးအား ထည့်သွင်းပူဇော်ပြီး မေ့ကျန်ခဲ့ပါသည်။

Read More

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးတွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအတွက် လှူဒါန်းနိုင်ပါရန်

  • 22 Sep 2017
  • by botahtaung

       ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား 2017ခုနှစ်၊ နိုဝင်ဘာလတွင် ကပ်လှူပူဇော်မည်ဖြစ်ပါသည်။ စေတနာရှင် အလှူရှင်များအနေဖြင့် 9လက်မပတ်လည် ရွှေစင်၊ရွှေပြား တစ်ကျပ်သားလျှင် 810000 ၊ ကျပ်- ရှစ်သိန်းတစ်သောင်း နှုန်းဖြင့် ကိုယ်တိုင်ကိုယ်ကျလာရောက် လှူဒါန်းနိုင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ လာရောက်မလှ

Read More

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးတွင် ကျင်းပပြုလုပ်သော ဝါတွင်းတရားပွဲအစီအစဉ်

  • 20 Sep 2017
  • by botahtaung

        2017ခုနှစ် ၊ စက်တင်ဘာလ(20)ရက် ဗုဒ္ဓဟူးနေ့ တော်သလင်းလကွယ်နေ့တွင် ဆရာတော်ဘန္ဒန ္တဝေပုလ္လ ရွှေရင်မျှော်ကျောင်းမှ နံနက်(10း00)နာရီတွင် သီလပေးတရားတော်များ ချီးမြှင့်ပါသည်။ထို့နောက်ဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဂေါပကအဖွဲ့မှ သင်္ကန်း၊ဆေး၊လှူဘွယ်ဝတ္တုပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပါသည်။စေတနာရှင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်း ကုသိုလ်ယူကြပါသည်။

Read More

9လက်မပတ်လည် ရွှေစင်ရွှေပြားအလှူရှင်များ

  • 19 Sep 2017
  • by botahtaung

       ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဦးထွန်းမြိုင် + ဒေါ်ခင်နှင်းဝါ မိသားစု အမှတ်(80)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်မှ 9လက်မပတ်လည် ရွှေစင်ရွှေပြားတစ်ချပ် ကျပ်(810000)အား 19.9.2017ရက်နေ့တွင် လာရောက်လှူဒါန်းသွားပါသည်။ ဦးထွန်းမြိုင် + ဒေါ်ခင်နှင်းဝါ မိသားစု အလှူတော်အား သာဓု သာဓု သာဓုခေါ်ပါသည်။

Read More

9လက်မပတ်လည် ရွှေစင်ရွှေပြားအလှူရှင်များ

  • 19 Sep 2017
  • by botahtaung

      ဗိုလ်တထောင်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် နဂါးရစ်တောင်ဆရာတော်ကြီးမှ လစဉ်လတိုင်း 9လက်မပတ်လည် ရွှေစင်ရွှေပြားတစ်ကျပ်သား ကျပ် (810000)တိတိကို 18.9.2017 ရက်နေ့တွင် လာရောက်လှူဒါန်းသွားပါသည်။ ဆရာတော်ကြီး၏ အလှူတော်အား သာဓု သာဓု သာဓု ခေါ်ပါသည်ဘုရား။

Read More

Pages

About us

Botahtaung Pagoda is one of the most famous pagoda in Myanmar. It has real Buddha Sacred Hair Relic.

  Botahtaung Pagoda located at the Corner of Botahtaung Pagoda and Strand Road

ကမ်းနားလမ်းနှင့် ဗိုလ် တ ထောင် ဘုရားလမ်းထောင့် ဆိပ်ကမ်းမြို့နယ်

01292169,01201764

botahtaungpagoda.btt@gmail.com